လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်၊စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ...

စကြာဝဠာနှင့် ကမ္ဘာကြီးကို ဗုဒ္ဓနှင့် သိပ္ပံပညာရှင်တို့၏အမြင်


“စကြာဝဠာ” သို့ “ကမ္ဘာကြီး” ဟူသောစကားကို သိတတ်ခါစ ကလေးဘ၀ကပင် ကြားသိ ရင်းနှီးနေခဲ့ပြီးသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်ခဲ့ပါသည်။ သို့သော်လည်း သေချာ ရှင်းလင်း မသိခဲ့သည်မှာ အမှန်ပင်။ ယခုအခါတွင် စာပေးများလေ့လာမှုမှတဆင့် သိထားသော စကြာဝဠာကမ္ဘာကြီး၏ အချက်အလက်များကို စိတ်ဝင်စားသူများ ဗဟုသုတ ပွါးတိုးစေခြင်းငှါ ရည်ရွယ်လျက် စကြာဝဠာကမ္ဘာကြီးအကြောင်းကို ဗုဒ္ဓမိန့်ကြားချက်များနှင့် ခေတ်သစ် သိပ္ပံပညာရှင်များ ၏အဆိုများကို နှိုင်းယှဉ်ကာ တင်ပြလိုက်ခြင်းဖြစ်သည်။

အနာဂါတ်အလင်းရောင်ဆောင်ကြည်းမည့်လက်...



“လူပြည်လောက လူ့ဘ၀တွင် အတ္တ-ပရာ ကျိုးနှစ်ဖြာကို ပညာဖြင့်သာ ပြီးစီးရာ၏”
“Both seft-benefit and others in the world can be achieved only by Wisdom”

လူ့လောကလူ့ဘ၀မှာ Education ပညာရေး၏အရေးပါမှုကို မည်သူတစ်ဦးတစ်ယောက်မှ ငြင်းပယ်နိုင်မည် မဟုတ်ပါ။ ကမ္ဘာမှာတိုးတက်ပြီး၊ တိုးတက်နေသောနိုင်ငံများကိုလေ့လာကြည့်လိုက်လျှင် ယင်းနိုင်ငံများမှာ ပညာ ရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်နေကြောင်း တွေ့ရှိရပေလိမ့်မည်။ ဘာကြောင့် အဲဒီနိုင်ငံတွေမှာ ပညာရေးကဏ္ဍအတွက် ငွေဒေါ်လာဘီလီယံတွေအများကြီး သုံးစွဲပြီး ဆောင်ရွက်နေကြသလဲ။  အဖြေကတော့ ရှင်းရှင်းလေးပါ။ “ပညာမြှင့်မှ လူမျိုးတင့်၏”။

ဖြူစင်လှပသော နှလုံးသားများပေါင်းစပ်ကြရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ မြို့ရော တောပါ နေရာအနှံ့အား အာရုံပြုကြည့်လိုက်လျင် ဆင်းရင်းနွမ်းပါးသော မိသားစုများက ပို၍များပြားနေသည်ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ၄င်းမိသားစုများမှ မျိုးဆက်သစ်လူငယ် အများစုသည်လည်း ပညာလုံးဝမသင်နိုင်သူ၊ တပိုင်းတစသာ သင်ခဲ့ရသူများကို နေရာအနှံ့ တွေ့ရှိနိုင်ပါသည်။ ယခုအခါတွင် ဘ၀ကိုလွယ်လွယ်နှင့် လက်မြှောက်၊ အရှုံးမပေးလိုသော လူငယ်များသည်၊ လူငယ်များ၏ ဘ၀၊ ပညာရေးကို မြှင့်တင်ပေးရန် ရည်ရွယ်လျက် ဖွင့်ထားသော နီးစပ်ရာ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းများသို့ ခိုနားကာ အခက်ခဲများစွာနှင့် ပညာသင်ယူလျက်ရှိနေကြပါသည်။

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme