လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်၊စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ...

အနာဂါတ်အလင်းရောင်ဆောင်ကြည်းမည့်လက်...



“လူပြည်လောက လူ့ဘ၀တွင် အတ္တ-ပရာ ကျိုးနှစ်ဖြာကို ပညာဖြင့်သာ ပြီးစီးရာ၏”
“Both seft-benefit and others in the world can be achieved only by Wisdom”

လူ့လောကလူ့ဘ၀မှာ Education ပညာရေး၏အရေးပါမှုကို မည်သူတစ်ဦးတစ်ယောက်မှ ငြင်းပယ်နိုင်မည် မဟုတ်ပါ။ ကမ္ဘာမှာတိုးတက်ပြီး၊ တိုးတက်နေသောနိုင်ငံများကိုလေ့လာကြည့်လိုက်လျှင် ယင်းနိုင်ငံများမှာ ပညာ ရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်နေကြောင်း တွေ့ရှိရပေလိမ့်မည်။ ဘာကြောင့် အဲဒီနိုင်ငံတွေမှာ ပညာရေးကဏ္ဍအတွက် ငွေဒေါ်လာဘီလီယံတွေအများကြီး သုံးစွဲပြီး ဆောင်ရွက်နေကြသလဲ။  အဖြေကတော့ ရှင်းရှင်းလေးပါ။ “ပညာမြှင့်မှ လူမျိုးတင့်၏”။ ရေနှင့်ကြာပန်းပမာ-ရေမြှင့်တက်လာလျှင် ကြာပန်း လည်းမြှင့်တက်လာမည်။ တိုးတက်သော လူ့ဘောင်သစ်တခုကိုတည်ဆောက်ရာ၌ ပညာရေးကဏ္ဍသည် အသက်တမျှအရေးကြီးသည်။ ပညာရေးကိုအခြေခံတည်ဆောက်ထားသော လူ့ဘောင်သစ်တခုသည် တာ ရှည်ခံ၍ အေးချမ်းတည်ငြိမ်သည်။ ထို့ကြောင့် ပညာရေးသည် လူသားများ၏နေ့စဉ်ဘ၀ကျင်လည်မှုတွင် Essential မရှိမဖြစ်လိုအပ်သောအရာတခုဖြစ်သည်။
မြန်မာနိုင်ငံတွင် ပညာသင်ချင်သော်လည်း ပညာမသင်နိုင်ရှာသော ကလေးငယ်များ၊ မိသားစုများ အများအပြားရှိနေသည်။ မိမိတို့မြို့၊ရွာ ပတ်ဝန်းကျင်များအကြောင်းကို စိတ်ထဲမှာပြန်မြင်ယောင် စိတ်ကူးကြည့်လိုက်လျှင် ထိုအရာများသည် သိသာထင်ရှားလှသည်။ ထိုဆင်းရဲနွမ်းပါးသောကလေးသူငယ်များ ကို မေတ္တာကရုဏာရှေ့ထားလျှက် ကျွေးမွေးစောင့်ရှောက်ပြီး ပညာသင်ပေးနေသော ပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းများလည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိလာကြသည်။
ထိုပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မပြည့်မစုံနှင့်ပညာသင်နေရရှာသော ကလေးငယ်များ ကို မိမိတို့ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာထဲမှ အနည်းငယ်မျှလောက်သောငွေကြေးကို ထောက်ပံ့ကူညီ ခြင်းဖြင့် အနာဂါတ်ပညာတတ်မျိုးဆက်သစ်လူငယ်များငယ်များကို မွေးထုတ်ပေးနိုင်သည်။ မိမိတို့ကိုယ်တိုင်က ပညာရေးကို ကောင်းကောင်းမွန်မွန် မသင်နိုင်ခဲ့လျှင်လည်း မပြည့်မစုံနှင့်ပညာသင်နေရရှာသော ကလေးငယ်များ၊ အမှန်တကယ်ပညာရေးကို လိုလားသောကလေးငယ်များကိုထောက်ပံ့ကူညီခြင်းဖြင့် မိမိတို့၏ပညာပါရမီကိုမြှင့်တင် အားဖြည့်နိုင်ပေသည်။
ယနေ့လူငယ်များသည် အနာဂါတ်၏ခေါင်းဆောင်များဖြစ်သည်။ ထိုအနာဂါတ်မျိုးဆက်သစ်ခေါင်းဆောင်လေး များ၏ပညာရေးကို ထောက်ပံ့ကူညီခြင်းဖြင့်၊ အနာဂါတ်မျိုးဆက်သစ်များ၏ ပညာရေး ဘ၀အလင်းရောင်ကို တစ်ဒေါင့်တနေရာက ဆောင်ကြည်းပေးသော လက်တစ်ဖက်ဖြစ်ပေးခြင်းဖြင့်၊ ကျွန်ုပ်တို့၏အနာဂါတ်ကိုလည်း လှပအောင်တည်ဆောက်ကြပါစို့။

0 Response to "အနာဂါတ်အလင်းရောင်ဆောင်ကြည်းမည့်လက်..."

Post a Comment

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme